Tuesday, October 30, 2018

စပျစ်သီးသန္ဓေအကြောင်း သိကောင်းစရာ







H mole စပျစ်သီးကိုယ်ဝန်

ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ် ပြောပါတယ်ဆရာ။ ဘာအန္တရာယ်ရှိနိုင်တယ်၊ ဘာတွေရှောင်ရှားသင့်တယ်၊ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင်။

ဆရာ သမီးအသက်က ၃ဝ ပါ။ သားဦးကိုယ်ဝန်သွေးဆင်းတာနဲ့ ပက်သတ်ပြီး ဆရာ့ကိုမေးဖူးပါတယ်။ ခုကိုယ်ဝန်က h mole စပျစ်သီးသန္ဓေဆိုပြီး သားအိမ်ခြစ်ထားတာ တပတ်လောက်ရှိပါပြီဆရာ။ ဒါပေမယ့် သွေးတွေတအားဆင်းလာလို့ og ပြန်သွားပြတော့ နှစ်ပတ်လောက်ဖြစ်တတ်တယ်ဆိုပြီးပဲ ပြောလာပါတယ်ရှင့်။ ခုသမီးက ဘာမှမစားနိုင်ပဲ စားရင်လဲ ပြန်အန်နေပါတယ်ဆရာ။ မရိုမသေ ခုညက သွေးတွေအရမ်းဆင်းနေပြီး သွေးခဲသွေးတုံးတွေပါ ပါလာလို့ စိုးရိမ်ရသလား သိချင်လို့ပါရှင်။ ဆောင်ရန်ရှောင်ရန်လေးနဲ့ တကွဖြေကြားပေးပါရှင့်။

ဆောရီး။ အရင်မေးခွန်းကိုလည်း အခုမှသာတွေ့တယ်။ ဆင်းစရာမကုန်သေးတာဖြစ်ပါမယ်။ ကုန်အောင်ဆင်းမယ်။ လိုအပ်ရပ် ထပ်ခြစ်ရတယ်။ Hydatidiform mole (H mole) စပျစ်သီးကိုယ်ဝန်ကို Molar pregnancy မိုလုလို့လည်း ခေါ်တယ်။ ကိုယ်ဝန် ပဌမ အတွင်း သွေး အနီ-အညို ဆင်းမယ်။ ပျို့အန်တာများမယ်။ ဆင်းတာထဲမှာ စပျစ်သီးလိုဟာတွေပါမယ်။ သားအိမ်က ကြီးသင့်တာထက် ပိုကြီးနိုင်တယ်။ သွေးဖိအား များနေနိုင်တယ်။ ပျက်မှာ ၁ဝဝ% သေချာတယ်။

ဘာလို့ဖြစ်သလဲ
ကံတရားလို့သာ စပြောရမယ်။ လူ့ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်း ၂၃ စုံစီပါတယ်။ အခုလိုကိုယ်ဝန်ဆိုတာ အဲတာမူမမှန်လို့ ဖြစ်ရတယ်။ သန္ဓေဖြစ်ရင် မိခင်ဆီက ၂၃ ခုနဲ့ ဖခင်စီက ၂၃ ခုလာပေါင်းရမယ်။ အပြည့်အစုံ မိုလာကိုယ်ဝန်ဆိုရင် ဖခင်ဆီက ချည်းသာလာလို့ဖြစ်တယ်။ တဝက်တပျက်လည်းဖြစ်နိုင်တယ်။ ဖခင်ဆီက အပြည့်အစုံလာပေါင်းလို့ ၂၃ + ၂၃ + ၂၃ = ၆၉ ခုဖြစ်နေမယ်။

ကိုယ်ဝန် ၁ဝဝဝ တိုင်းမှာ ယောက်အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်အထက်တွေမှာပိုဖြစ်တယ်။ အသက် ၂ဝ အောက်တွေမှာလည်း များနိုင်တယ်။ HCG ခေါ်တဲ့ ကိုယ်ဝန်ဟော်မုန်း ရှိသင့်တာထက်ပိုများနေမယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်တယ်ဆိုတာ အဲတာကိုစမ်းရတာ ဖြစ်ပါတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ရင် D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ သိပ်ရှားရှားပါးပါး Hysterectomy သားအိမ်ထုတ်ရတယ်။ အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။

သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ပတ် ခါစစ်ကြတယ်။ ၁ဝ ပတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။ ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို CT ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် ရင်ပတ် ဓါတ်မှန်ရိုက်မယ်။ လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါပေးတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ -% က နောက်ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်တယ်။

သားအိမ် ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

#Credit to Dr. တင့်ဆွေ


၂၆--၂ဝ၁၁
အရိုးပါမောက္ခ ၏ ဆောင်းပါး ပခုံးကပ်၊ ပခုံးနာ၊ ပခုံးခိုင် (Frozen Shoulder )

ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီး တွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။

အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှား မှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါ တလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ လက်က ကောင်းကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရ ခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။

ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။

ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုး လာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယအဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်း သွားပါတယ်။

ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံးနာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်းအာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါတယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခု အနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ်တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။

ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေးပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။

ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ်နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြား နိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆိုင်ရာဆောင်းပါးများ မှ ကူးယူဖေါ်ပြထားပါသည်။

အူအတက်ရောင်ခြင်းအကြောင်း သိကောင်းစရာ





အူအတက်ဆိုတာဘာလဲ?
           အူအတက်ဟာ ၀မ်းဗိုက်ရဲ့ ညာဘက်ခြမ်း အောက်ပိုင်းမှာရှိပြီး အူမကြီးမှ လက်ချောင်းသဏ္ဌာန် အိတ်ငယ်လေးအဖြစ် ထိုးထွက်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယေဘူယျအားဖြင့် 8-10 စင်တီမီတာ ၀န်းကျင်ရှည်လျားပါတယ်။

အူအတက်ရောင်တာ ဘယ်သူတွေမှာ ဖြစ်နိုင်လဲ?
         အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (2) နှစ်အောက်တွင် ရှားပါးပြီး အသက် (10) နှစ်မှ (30) အကြားတွင် အဖြစ်များတာကို တွေ့ရပါတယ်။

 အူအတက် ဘာကြောင့် ရောင်သလဲ?
        အူအတက်ရောင်ရတဲ့ အကြောင်းရင်းတွေကို အခုချိန်ထိ တိတိကျကျမပြောနိုင်သေးပေမယ့် ဖြစ်တဲ့သူ အများစုကတော့ အူအတက်ရဲ့ အတွင်းပိုင်းပိတ်ခြင်းကြောင့် ရောင်ရခြင်းဖြစ်ပါတယ်။ အူအတက်ရဲ့အတွင်းပိုင်းပိတ်ရတဲ့ အကြောင်းတွေကတော့-
- အစာဟောင်းများ (မစင်)ကြောင့် ပိတ်ခြင်း
- သံကောင်၊ ကပ်ပါးကောင်များဝင်၍ ပိတ်ခြင်း
- နာတာရှည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ပိတ်ခြင်း
- ၀မ်းဗိုက်ပိုင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရ၍ ပိတ်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိုးဝင်ပြီးနောက် အူအတက်နံရံရှိ အကျိတ်များကြီး လာ၍ ပိတ်ခြင်း
- အူအတက်ကင်ဆာ (အလွန်ရှားပါးပါတယ်) ကြောင့် ပိတ်ခြင်း စသည်တို့ဖြစ်ပါတယ်။
        ဘယ်လိုအကြောင်းကြောင့်ပဲ ပိတ်ပိတ် အူအတက်ရောင်လာပါတယ်။ တကယ်လို့အူအတက်ပေါက်သွားခဲ့ရင် ဒါကို အရေးပေါ်အခြေအနေလို့ သတ်မှတ်ပါတယ်။ အကြောင်းကတော့ အူအတက်ထဲမှာ ပိတ်နေတဲ့ (ဥပမာ- မစင်) တွေက ၀မ်းဗိုက်ထဲကို လွင့်စင်သွားပြီး ၀မ်းဗိုက်ကိုဖုံးထားတဲ့အလွှာ (Peritonium)  နဲ့ အခြား အူအစိတ်အပိုင်းတွေကို ရောင်ရမ်းစေနိုင်ပြီး ဘက်တီးရီးယားများပေါက်ဖွားကာ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။
        တချို့လူတွေမှာကျတော့ အူအတက်မပေါက်ဘဲ အချိန်ကြာလာတာနဲ့ အူအတက်အတွင်း ဘက်တီးရီးယားတွေ ပေါက်ဖွား ပွားများလာပြီး အူအတက်ပြည်တည်ခြင်း (Appendicular Abscess) ဖြစ်လာပါတယ်။ ရောင်ပြီးပြည်တည်နေတဲ့ အူအတက်ဟာ သူ့ဆီကို သွေးပို့နေတဲ့ သွေးကြောတွေ ကိုပါ ဖိမိပြီး အူအတက်ဆီ သွေးမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်လာကာ တဖြည်းဖြည်းနဲ့ အူအတက်ပုပ်လာနိုင်ပါတယ်။

အူအတက်ရောင်ရင် ဘယ်လိုရောဂါလက္ခဏာပြလဲ?
- ၀မ်းဗိုက်ညာဘက်အောက်ခြမ်းတွင် ရုတ်တရက်နာခြင်း (သို့) အစပိုင်းတွင် ချက်တစ်ဝိုက်၌ ရုတ်တရက်နာပြီး နောက်ပိုင်းတွင် ၀မ်းဗိုက်၏ညာဘက်အောက်ပိုင်းသို့ ရွေ့သွားခြင်း
- လှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း (ဥပမာ-လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း)
- မူးဝေအော့အန်ခြင်း
- အစာစားလိုစိတ် မရှိခြင်း
- ၀မ်းသွားခြင်း (သို့) အချို့တွင် ၀မ်းချုပ်ခြင်း
- လေပွခြင်း
- ငွေ့ငွေ့ဖျားခြင်း

အူအတက်ရောင်တာကို ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ?
        အူအတက်ရောင်ခြင်းဟု သေချာစစ်ဆေးသိရှိနိုင်ရန်ခက်ခဲပြီး အူအတက်ရောင်သည့် လူနာ တစ်ဝက်ခန့်မှာ တိကျသောရောဂါလက္ခဏာမပြကြပါ။ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ သားအိမ်ပြင်ပ၌ ကိုယ်ဝန်ရှိခြင်း၊ ဆီးကျောက်တည်ခြင်း စသည့်ရောဂါတွေကလည်း ၀မ်းဗိုက်ကို ပြင်းထန်စွာ နာကျင်စေသဖြင့် ခွဲခြားသုံးသပ်ဖို့လဲ အရေးကြီးပါတယ်။
          ရောဂါစမ်းသပ်ရန် အောက်ပါစမ်းသပ်နည်းများကို အများအားဖြင့်သုံးကြပါတယ်။
-  ရောင်ရမ်းမှုကိုသိသာရန် ၀မ်းဗိုက်အားစမ်းသပ်ခြင်း (၀မ်းဗိုက်ညာဘက်အောက်ပိုင်းကို လက်နှင့်ဖိထားစဉ်ထက် လွှတ်လိုက်သည့်အချိန်တွင် ပိုနာခြင်း)
-  သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ စအိုအတွင်း လက်ထည့် စစ်ဆေးခြင်း
-  ဓာတ်မှန်ရိုက်ခြင်း (X-ray ၊ MRI ၊  CT scan ၊ Ultrasound)
          တစ်ခါတစ်ရံ စမ်းသပ်မှုရလဒ်ကိုစောင့်ရန် လူနာအတွက် အသက်အန္တရာယ်များလွန်းပါက ခွဲစိတ်၍ အူအတက်အား ဖယ်ရှားပစ်ကြပါတယ်။

အူအတက်ရောင်တာကို ဘယ်လိုကုသမလဲ?
          အူအတက်ရောင်တဲ့သူတော်တော်များများဟာ ပိုးသတ်ဆေးပေးရုံနဲ့ မသက်သာတဲ့အတွက် အူအတက်ကို ခွဲထုတ်ပစ်လိုက်ရတာကများပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ အနေအထားပေါ်မူတည်ပြီး ခွဲစိတ်နည်း 2 မျိုးရှိပါတယ်။ တစ်မျိုးက ဗိုက်မှာ 2-4 လက်မခွဲပြီး အူအတက်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။ ဒါကို Open Surgery လုပ်တယ်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အဏုကြည့်မှန်ပြောင်း Scope ၀င်နိုင်ရုံလောက်သာခွဲပြီး Laparoscopic နည်းနဲ့ အူအတက်ကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။ Laparoscope ဖြင့် ခွဲစိတ်ပါက ရက်သတ္တပတ် 2 ပတ်မှ 3 ပတ်အတွင်း ပုံမှန်လုပ်ငန်းများ ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။
          အူအတက်ရောင်ပြီးပေါက်ထွက်ခြင်း (သို့) အူအတက်ပြည်တည်ပြီး ပေါက်ထွက်ခြင်းဖြစ်ပါက အူအတက်ကို ဖယ်ရှားပစ်လိုက်တာဟာ တစ်ခုတည်းသော ကုသမှုနည်းလမ်းဖြစ်ပါတယ်။
          တကယ်လို့ ပြည်တည်နေပေမယ့် မပေါက်ထွက်သေးဘူးဆိုရင်တော့ ပိုးသတ်ဆေးအရင်ပေးပြီး ပြည်ကို ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်အောင် ပိုက်တပ်ပေးလိုက်ပါတယ်။ နောက်မှ အူအတက်ကို သတ်သတ်ခွဲထုတ်ပါတယ်။

အူအတက်ရောင်တာကို မကုသဘဲထားရင် ဘာတွေဆက်ဖြစ်မလဲ?
ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း
          အူအတက်ပေါက်၍ ၀မ်းဗိုက်အတွင်းသို့ ပိတ်ဆို့ပစ္စည်းများ ပျံ့နှံ့သွားပါက ၀မ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း (Peritonitis)  ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အူရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အသက်အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။

အူအတက်ပြည်တည်ခြင်း
        အူအတက် ပေါက်ထွက်မသွားဘဲ အတွင်းမှာတင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ပြည်တည် လာတာမျိုး (Appendicular Abscess) ဖြစ်လာနိုင်ပါတယ်။ အူအတက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အူအတက်မရောင်အောင် ဘယ်လိုကာကွယ်မလဲ?
          အူအတက်ရောင်ခြင်းကို ကာကွယ်ဖို့ နည်းလမ်းမရှိပါ။ ဒါပေမယ့် အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါက အူအတက်ရောင်မှု လျော့ကျကြောင်းတွေ့ရသည်။

Extraocular Muscles _ Eye Anatomy

Extraocular Muscles _ Eye Anatomy

Obstetrics & Gynaecology Instruments Knowledge to know
















Obstetrics & Gynaecology Instruments

စပျစ်သီးသန္ဓေအကြောင်း သိကောင်းစရာ

H mole စပျစ်သီးကိုယ်ဝန် ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ်...