Tuesday, October 30, 2018

စပျစ်သီးသန္ဓေအကြောင်း သိကောင်းစရာ







H mole စပျစ်သီးကိုယ်ဝန်

ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ် ပြောပါတယ်ဆရာ။ ဘာအန္တရာယ်ရှိနိုင်တယ်၊ ဘာတွေရှောင်ရှားသင့်တယ်၊ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင်။

ဆရာ သမီးအသက်က ၃ဝ ပါ။ သားဦးကိုယ်ဝန်သွေးဆင်းတာနဲ့ ပက်သတ်ပြီး ဆရာ့ကိုမေးဖူးပါတယ်။ ခုကိုယ်ဝန်က h mole စပျစ်သီးသန္ဓေဆိုပြီး သားအိမ်ခြစ်ထားတာ တပတ်လောက်ရှိပါပြီဆရာ။ ဒါပေမယ့် သွေးတွေတအားဆင်းလာလို့ og ပြန်သွားပြတော့ နှစ်ပတ်လောက်ဖြစ်တတ်တယ်ဆိုပြီးပဲ ပြောလာပါတယ်ရှင့်။ ခုသမီးက ဘာမှမစားနိုင်ပဲ စားရင်လဲ ပြန်အန်နေပါတယ်ဆရာ။ မရိုမသေ ခုညက သွေးတွေအရမ်းဆင်းနေပြီး သွေးခဲသွေးတုံးတွေပါ ပါလာလို့ စိုးရိမ်ရသလား သိချင်လို့ပါရှင်။ ဆောင်ရန်ရှောင်ရန်လေးနဲ့ တကွဖြေကြားပေးပါရှင့်။

ဆောရီး။ အရင်မေးခွန်းကိုလည်း အခုမှသာတွေ့တယ်။ ဆင်းစရာမကုန်သေးတာဖြစ်ပါမယ်။ ကုန်အောင်ဆင်းမယ်။ လိုအပ်ရပ် ထပ်ခြစ်ရတယ်။ Hydatidiform mole (H mole) စပျစ်သီးကိုယ်ဝန်ကို Molar pregnancy မိုလုလို့လည်း ခေါ်တယ်။ ကိုယ်ဝန် ပဌမ အတွင်း သွေး အနီ-အညို ဆင်းမယ်။ ပျို့အန်တာများမယ်။ ဆင်းတာထဲမှာ စပျစ်သီးလိုဟာတွေပါမယ်။ သားအိမ်က ကြီးသင့်တာထက် ပိုကြီးနိုင်တယ်။ သွေးဖိအား များနေနိုင်တယ်။ ပျက်မှာ ၁ဝဝ% သေချာတယ်။

ဘာလို့ဖြစ်သလဲ
ကံတရားလို့သာ စပြောရမယ်။ လူ့ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်း ၂၃ စုံစီပါတယ်။ အခုလိုကိုယ်ဝန်ဆိုတာ အဲတာမူမမှန်လို့ ဖြစ်ရတယ်။ သန္ဓေဖြစ်ရင် မိခင်ဆီက ၂၃ ခုနဲ့ ဖခင်စီက ၂၃ ခုလာပေါင်းရမယ်။ အပြည့်အစုံ မိုလာကိုယ်ဝန်ဆိုရင် ဖခင်ဆီက ချည်းသာလာလို့ဖြစ်တယ်။ တဝက်တပျက်လည်းဖြစ်နိုင်တယ်။ ဖခင်ဆီက အပြည့်အစုံလာပေါင်းလို့ ၂၃ + ၂၃ + ၂၃ = ၆၉ ခုဖြစ်နေမယ်။

ကိုယ်ဝန် ၁ဝဝဝ တိုင်းမှာ ယောက်အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်အထက်တွေမှာပိုဖြစ်တယ်။ အသက် ၂ဝ အောက်တွေမှာလည်း များနိုင်တယ်။ HCG ခေါ်တဲ့ ကိုယ်ဝန်ဟော်မုန်း ရှိသင့်တာထက်ပိုများနေမယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်တယ်ဆိုတာ အဲတာကိုစမ်းရတာ ဖြစ်ပါတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ရင် D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ သိပ်ရှားရှားပါးပါး Hysterectomy သားအိမ်ထုတ်ရတယ်။ အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။

သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ပတ် ခါစစ်ကြတယ်။ ၁ဝ ပတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။ ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို CT ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် ရင်ပတ် ဓါတ်မှန်ရိုက်မယ်။ လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါပေးတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ -% က နောက်ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်တယ်။

သားအိမ် ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

#Credit to Dr. တင့်ဆွေ


၂၆--၂ဝ၁၁

No comments:

Post a Comment

စပျစ်သီးသန္ဓေအကြောင်း သိကောင်းစရာ

H mole စပျစ်သီးကိုယ်ဝန် ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ်...